မလေးရဲ့ LINK များ



louts leaf



Magnolia Stella

ကြယ်စကားဖြူဟု လူသိများကြသည့် အဖြူရောင် စံကားပန်းပွင့်လေးတွင် ပွင့်ချပ်ပေါင်း ၁၂ချပ် ရှိတတ်ပါတယ်... စတယ်လာဆိုတဲ့ လက်တင်ဘာသာစကားက ကြယ်ဆိုတဲ့ သဘောကို ဆောင်တာမို့ Magnolia stellataလို့ ခေါ်သလားတောင် မသိပါဘူး... ဒါပေမယ့် ဒီအပင်လေးဟာ ၁၀ပေသာသာလောက်ပဲ မြင့်ပါသတဲ့... ဆောင်းအကုန် နွေအကူးဟာ ဒီအပင်လေးရဲ့ ပန်းပွင့်ချိန်ပေါ့... ပန်းတွေပွင့်ပုံက အရွက်တွေ ကျန်နေလို့ အကိုင်းသက်သက်သာ ကျန်တော့တဲ့ အချိန်မှာ ကိုင်းဖျားကိုင်းနားမကျန် ပွင့်တာမို့ တစ်ပင်လုံး နှင်းတွေ အဆုပ်လိုက် တင်နေသလို.. အဖြူရောင်ကြယ်တွေကပဲ ကောင်းကင်ကနေ ကြွေပြီးတော့ သစ်ကိုင်းဖျားမှ တွဲနေသလိုလေးကိုပါပဲ..

Photos

Loading…
  • Add Photos
  • View All

Members

  • Mental
  • wailwin
  • nay zar
  • naymg
  • sai oun
  • Glucose
  • Magic
  • ယုဇနမောင်
  • zan ye`
  • phyu nge
  • pachyderm penguin
  • Thawzin
  • wkthu
  • Jen Thomas
  • linlatt.aung
  • umk

Music

Loading…




 

Blog Posts

Mental

14th of Every Month





မလေးရဲ့ ချစ်သူလေးက ထူးထူးခြားခြားလေးတွေ ကြိုက်တတ်တဲ့ မလေးအတွက်ဆိုပြီး ပို့လာပေးတဲ့ 14 ရက်နေ့နဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေအကြောင်းကို ဖတ်ရတော့ တခြားသူတွေလဲ စိတ်ဝင်စားကြမယ်ထင်လို့ တင်ပေးထားတာပါ.....…



Continue

Posted by Mental on February 14, 2010 at 4:30pm — 1 Comment

Mental

သစ္စာတရားအတွက်မီးအိမ်တစ်လုံးနှင့် ငါ ခရီးထွက်ခြင်း

၁။

အရှင် . . .

သင်၏ခေါ်ရာ

ထပ်ချပ် . . .ငါ . . . လိုက်ပါမည်။

ကြယ်တစ်ပွင့်ကို ဆွဲယူ

ငါ့ကို . . . ထူပါ။



ဟိုးမှာ . . .

သေအံ့မူးမူးလူက

မြေပြင်ပေါ်က သူ့အရိပ်ကို

ကပျာကယာအိတ်ထဲယူကောက်

လက်သည်းတွေတောင် ခွေခေါက်နေပြီ။



ဒီမှာ . .

ဦးခေါင်းခွံထက်

ဆံဖြူတွေ ဝပ်တွားတက်နေတဲ့အဘိုးအို

တောင်ဝှေးကျိုးကို ရီဝေကြည့်ငေး

သူ . . . ဘာတွေ တွေးပြီနည်း။



စမ်းရေကို ငုံ့သောက်မှ

ကိုယ့်မျက်နှာကိုယ်ပြန်မြင်ရသော… Continue

Posted by Mental on November 5, 2009 at 5:00pm — 4 Comments

Mental

Happy Birthday ပါ ဖေဖေ..........

ဖေဖေ … အောက်တိုဘာ ၁၆ ရက်နေ့မှာကျရောက်မယ့် “ ၆၁ “ နှစ်ပြည့်မွေးနေ့မှာ ကျန်းမာတဲ့ ခန္ဒာ ၊ ငြိမ်းချမ်းတဲ့ စိတ်နှလုံးနဲ့ အေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပါတယ်…. အဲဒီလိုပဲဖြစ်မယ်လို့လဲ ယုံကြည်ပါတယ်….မေမေလဲ မရှိ၊ သမီးတို့ မောင်နှမ ၃ယောက်လုံးလဲ ဖေဖေ့နားမှာ မရှိနိုင်ပေမယ့် သမီးတို့ရဲ့ စိတ်ကတော့ ဖေဖေ့အိမ်မှာပါပဲ….. ဒီလိုအချိန်မှာ အနားကို ပြန်မလာပေးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ် ဖေဖေရယ်…သမီးရဲ့ မွေးနေ့ ၊ ဖေဖေ့ရဲ့မွေးနေ့တွေမှာ မိသားစု အတူတူမရှိနိုင်တာ ဆယ်စုနှစ်တစ်ခု ပြည့်တော့မယ်….ဘ၀ရဲ့… Continue

Posted by Mental on October 16, 2009 at 1:30pm — 3 Comments

Mental

ပေါ့ပေါ့ပါးပါး ပျော်ရွှင်ဖွယ်ရာ ဂဏန်းသင်္ချာ..

တစ်နေကုန်အလုပ်စားပွဲမှာ စိတ်ပန်းလူပန်းနဲ့ မောပန်းနွမ်းနယ်နေပြီလား။



ကဲ အင်တာနက်သုံးတဲ့အချိန်လေးမှာ အပျင်းလည်းပြေ ဉာဏ်ရည်လည်းထက် ပျော်စရာလဲကောင်းမယ့် သင်္ချာလေး တွက်ရအောင်လား။

အောက်မှာပေးထားတဲ့ အဆင့်လေးတွေအတိုင်း သင်္ချာလေးတွေ တွက်ကြည့်ပါလား...။ ပျော်စရာကောင်းပါတယ်......။



ဂဏန်းပေါင်းစက်ပဲသုံးသုံး၊ စိတ်ထဲမှာပဲတွက်တွက်၊ စာရွက်ပေါ်မှာပဲ ချရေးပြီးတွက်တွက် ကြိုက်သလိုသာ တွက်ပါ။

ဘာပြဿနာမှ မရှိပါဘူး....။ ပေးထားတဲ့အဆင့်လိုက် မှန်အောင်တွက်သွားဖို့သာ… Continue

Posted by Mental on August 3, 2009 at 5:24pm — 2 Comments

Mental

ပန်းတွေရဲ့ အဓိပ္ပါယ်သက်ရောက်ပုံ

မလေး ကြားဖူးတဲ့ ပန်းတွေရဲ့ အဓိပ္ပါယ်သက်ရောက်ပုံလေးတွေပါ...... ကိုယ့်ချစ်သူကို ရင်ထဲကစကားသံတွေဆီ ပန်းကလေးနဲ့ ခေါ်ဆောင်ရအောင်လို့ပေါ့......





ကံကော်ပန်း .....မပြောင်းလဲတဲ့ ထာဝရအချစ်ပါ

ကြာပန်း .....မိတ်ဆွေတွေရဲ့ ဖြူစင်မှု့မျိုးနဲ့ ခင်မင်ကြရအောင်

ခရေပန်း ......မေ့မသွားပါနဲ့ကွယ်

ခတ္တာပန်း ......အားငယ်ရတဲ့သူမို့ ညှာတာပါ

ချယ်ရီပန်း ......တနေ့နေ့တော့ဝေးရဦးမယ်

ခေါင်းလောင်းပန်း ......အမြန်ဆုံးနီးခွင့်ရချင်တယ်

ဂန္ဓာပန်းအဖြူ… Continue

Posted by Mental on July 29, 2009 at 2:00pm — 2 Comments

Mental

သွေးအမျိုးအစားများနှင့်ပတ်သတ်၍ ထူးခြားချက်

သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို ခန့်မှန်းလို့လည်း ရပါတယ်..





အေသွေးပိုင်ရှင်များ



အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ.. ငယ်စဉ်ဘ၀မှာတော့ သူတပါးကို စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့... သူတပါးကို နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့... ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ငယ်စဉ်က စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့်လောက်အောင် အေးဆေးတည်ငြိမ်တဲ့သူ… Continue

Posted by Mental on March 12, 2009 at 2:00pm

Mental

ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားလဲ.....

Gtalk မှာ ကိုယ် မ chat ချင်တဲ့/မကျေနပ်တဲ့ သူကို block လုပ်လို့ရတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်မှာပါ။

ကိုယ် block လုပ်ချင်တဲ့သူရဲ့ ID ပေါ်မှာ right-click လုပ်ပြီး block ကို ရွေးလိုက်ရုံပါပဲ။

ကိုယ့်ဘက်မှာ အဲဒီID ပျောက်သွားပြီး၊ သူ့ဘက်မှာတော့ ကိုယ်က offline ဖြစ်နေမှာပါ။

(သူများကိုသာ block လုပ်ချင်တာ...ကိုယ့်ကို block လုပ်တာကိုတော့ သိပ်ကျေနပ်တာမဟုတ်ဘူး။)

အဲဒီတော့ ကိုယ့်ကို block လုပ်ထား/မထားကို စစ်ကြည့်လို့ရပါတယ်။

ပထမဆုံး ကိုယ်သိချင်တဲ့သူကို 'Send voicemail' button… Continue

Posted by Mental on February 22, 2009 at 8:11pm

Mental

အနမ်း၏ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုး(၇)ခု

သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင် အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။



တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက… Continue

Posted by Mental on January 26, 2009 at 4:00pm

Mental

ငြိမ်သက်ခွင့်...

ဒြပ်ရှိ၊ ဒြပ်မဲ့

အသံရှိ၊ အသံမဲ့တို့၏

တွယ်ညှိဖူးရာ

ကြိုးတစ်ချောင်းရဲ့ သင်္ကေတ

ငါတကယ်မသိခဲ့ယိုး အမှန်ပါ....။



လွန်ကဲလွန်းသောစီးဆင်းမှု

ခံယူခွင့်မရှိတဲ့ အနည်ထိုင်ဆဲ

ပင်လယ် .....................

ဘယ်အရာမှ မတည်မြဲဘူးဆိုရင်

စာဆိုအိုတွေလို

ခပ်တည်တည်ရပ်မှီ

ခြုံထည်လေးတစ်ခုအတွက်

ကမ္ဘာပတ်ရမယ်ဆိုရင်

သတ္တဘာဂ ငြူစူလိမ့်မယ်။



ငိုချင်းနဲ့ လွမ်းတေး

အခါခါ သီကြွေးသော

မြစ်တစ်စင်းရေ...........

ငါသည်… Continue

Posted by Mental on January 24, 2009 at 3:28pm — 1 Comment

Mental

ဂျီမေးလ်လိပ်စာမကျန်ခဲ့အောင်

အင်တာနက်သုံးသူတွေ ဂျီတော့ခ်သုံးတဲ့အခါ အများစုကအင်တာနက်ဆိုင်မှာ သုံးတာများပါတယ် ။

ကိုယ်သုံးမလို့ ၊ ၀င်မလို့လုပ်တဲ့အခါ ရှေ့ကသုံးသွားတဲ့ သူတွေရဲ့ဂျီမေးလ် address တွေ ပေါ်နေတာမျိုး တွေ့ရတတ်ပါတယ် ။

ကိုယ်သုံးပြီးတဲ့အခါမှာ ဒီလိုကျန်ခဲ့မှာစိုးလို့ သေချာ sign out လုပ် ၊ နာမည်နေရာမှာ a,b,c,d တွေရိုက်ထည့်ပြီး

ထွက်တတ်ကြပါတယ် ။ ဒါပေမဲ့ ဒီနည်းကလည်း လုံခြုံမှုမရှိဘဲကိုယ့်နောက်လူက ပြန်ရှာရင် တွေ့ရတယ်လို့သိရတယ် ။

ကိုယ့်ဂျီတော့ခ်ဝင်ခဲ့ရင်လည်း ကိုယ့်ဂျီမေးလ် address ကိုသူများမသိအောင်… Continue

Posted by Mental on January 24, 2009 at 3:24pm

Mental

လွင့်ကျသွားတဲ့ သစ်ရွက်လေး.....

သစ်ပင် တစ်ပင်ဟာ သစ်ရွက်တစ်ရွက် မရှိလဲ ဘာမှ မဖြစ်ပါဘူး .... သစ်ပင်ဟာ သစ်ပင်ပါပဲ ......

ဒါပေမယ့် .... သစ်ပင် မရှိတဲ့ သစ်ရွက်ကျတော့ သစ်ရွက် မဟုတ်တော့ပဲ အမှိုက်ဖြစ်သွားတယ် .....

လွင့်ကျသွားတဲ့ သစ်ရွက်လေးရဲ့ ၀မ်းနည်း နာကျင်မှုကို သစ်ပင်ကတော့ အမှတ်တမဲ့ ပါပဲ ......



အဲဒီနေ့က တိမ်ထူထူတွေ ရှိပေမယ့် နေရောင် လဲ့လဲ့လေး ဖြာနေတဲ့ နေ့ပါ .....

စိမ်းလဲ့ ဖြာဝေတဲ့ ကျွန်မရဲ့ သစ်ပင်လေးဟာ နေရောင်အောက်မှာ စိုလက်တောက်ပနေပါတယ်...



~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~



ဖုန်းထဲမှာ… Continue

Posted by Mental on December 8, 2008 at 8:00pm — 1 Comment

Mental

လင်းယုန်ပုံပြင်....

လင်းယုန်တစ်ကောင်ဟာ သက်တမ်း ၇၈နှစ်ဝန်းကျင် အသက်ရှင်နေထိုင်နိုင်ပါတယ်။

လင်းယုန်ဆိုတာက ကောင်းကင်မှာ သတ္တိရှိရှိ၊ အင်အားအပြင်းဆုံးပျံနိုင်တဲ့ငှက်မျိုး။

ဒါပေမဲ့ သက်တမ်း၄၀လောက်ရလာတဲ့အခါမှာ အဲဒီလင်းယုန်ဟာ ကောင်းကောင်းမပျံနိုင်တော့ဘူး။

ဘာကြောင့်လဲဆိုတော့ သူ့ရဲ့နှုတ်သီးတွေဟာကွေးလာပြီး ရင်ဘတ်နီးပါးထိအောင်စိုက်ကျလာတယ်။

အတောင်ပံတွေဟာ မခတ်နိုင် တော့လောက်အောင် စိုက်ကျလာတယ်။

လက်သည်းတွေဟာ အလွန်ရှည်လျားလာပြီး အစာရှာဖို့ခက်လာမယ်။ အဲဒါဟာ… Continue

Posted by Mental on November 25, 2008 at 2:00pm

Mental

တုန့်ပြန်ဖို့တော့ အချိန်ပေးပါ...

ကျနော်တို့နဲ့ မသင့်လျော်တဲ့ လူတွေ အများကြီးကို တွေ့ပြီးမှ ထိုက်သင့်တဲ့

လူနဲ့ တွေ့ဆုံခွင့် ရကြတယ်။ ဒါမှ ကျနော်တို့ ထိုက်သင့်တဲ့ လူနဲ့တွေ့ခွင့်ရလို့ ဒီအခွင့်အရေးကို တန်ဖိုးထားနိုင်မယ်။



ပျော်ရွှင်မှု တံခါးပေါက် ပိတ်သွားတဲ့အချိန်မှာပဲ နောက် တံခါး တစ်ပေါက် ပွင့်လာတယ်။ ဒါပေမယ့် အချိန် တော်တော်များများမှာ ပိတ်သွားတဲ့ တံခါးကို ငေးမှိုင်ထိုင်တွေး နေတာနဲ့ပဲ ကျနော်တို့အတွက် ပွင့်လာတဲ့ နောက်တံခါးကို သတိမမူလိုက်မိတော့ဘူး။





အကောင်းဆုံး သူငယ်ချင်း ဆိုတာ ...

ထိုင်ခုံလေးပေါ်မှာ… Continue

Posted by Mental on November 21, 2008 at 10:46am

Mental

ကိုယ့်ခံစားချက်နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပေါ့နော်….

အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့ လူတွေ အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။



ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။ ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။



ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။



မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။

ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။



ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။… Continue

Posted by Mental on November 18, 2008 at 11:00am

Mental

လွမ်းခွင့်ရရင်

ချစ်သူရေ..



အခု ငါမင်းကို လွမ်းနေတယ်...။



ကြယ်လိုလင်းတဲ့

မင်းမျက်ဝန်းတွေကို လွမ်းတယ်...။



နွေးဖြာလဲ့မှုန်တဲ့

မင်း အပြုံးတွေကို လွမ်းတယ်...။



ညင်သာအေးဆေးတဲ့

မင်း စကားသံ သြရှရှလေးကို လွမ်းတယ်...။



ပျော့ပျောင်းတဲ့ လက်တစ်စုံရဲ့

နွေးထွေးခိုင်မာမှုကို လွမ်းတယ်...။



နင် ခူးပေးတတ်တဲ့

စကားပန်းဖြူဖြူတွေကို လွမ်းတယ်...။



နှင်းငွေ့ဆိုင်းတဲ့ လမ်းကလေးပေါ်က

အိမ်ပြန်ချိန် ခြေလှမ်းတွေကို လွမ်းတယ်...။



ငါ… Continue

Posted by Mental on November 17, 2008 at 9:02pm — 1 Comment

Mental

ချိုမြန်တဲ့ ဖုန်းသံလေးတစ်ခုအကြောင်း ....

တခါတလေမှာ မမျှော်လင့်ပဲ ရလိုက်တဲ့ အရာလေးတချို့က စိတ်နှလုံးကို ကြည်လင်ချမ်းမြေ့စေပါတယ်…။ ဒီ ဇူလိုင်ရဲ့ တတိယ တနင်္ဂနွေမှာ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဖို့ မျှော်လင့်ထားခဲ့တာ ကြာပါပြီ…။

လက်တွေ့မှာ မဖြစ်လာတော့ စိတ်မကောင်းဘူးပေါ့…။ ဒါပေမယ့် မျှော်လင့်ထားတဲ့ ကိစ္စတစ်ခု မဖြစ်လာဘူး ဆိုတာထက် မပိုခဲ့ပါဘူး…။ ။



ညဘက် online တက်ဖြစ်တော့ offline ဖြစ်နေတဲ့ သူ့နာမည်ကို ကြည့်ရင်း သတိရတာနဲ့ အဲဒီ့အချိန်မှာ မလေးနားထောင်နေတဲ့ သီချင်းလေးကို ပို့ပေးလိုက်တယ်…။ တချို့ သူငယ်ချင်းတွေဆီကိုလဲ ကိုယ်ကြိုက်တဲ့… Continue

Posted by Mental on November 2, 2008 at 8:48pm — 2 Comments

Mental

ဆုံမှတ်

ဟိုးရှေးရှေးတုန်းကနဲ့ စတဲ့

ပုံပြင်တွေဆို ငါမုန်းတယ်....

ပုံပြင်အရတော့

မတူညီတဲ့ ဘ၀တွေဟာ

ပျော်ရွှင်စွာပေါင်းဆုံခြင်းနဲ့ အဆုံးသတ်ကြတာ

ဖြစ်နေကြ သဘာဝပါ....။





ဒီဘ၀မှာ နင်နဲ့ငါ

အရာရာ ကွာခြားနေတာ

ဇာတ်သိမ်းလှဖို့

ပုံပြင်ဆန်နေတာမှ မဟုတ်တာ...။



နေ၀င်ချိန်ခြင်းမတူညီတဲ့ ငါတို့ အတွက်

ကြယ်ကလေးတစ်ပွင့်ဆီမှာ

အကြည့်ချင်းဆုံဖို့ဆိုတဲ့

ကဗျာဆန်ဆန် အတွေးမျိုး

ဝေးလို့ နေတော့မှာပါ...။



မြင်ရတဲ့ကောင်းကင်...

ခံစားရတဲ့… Continue

Posted by Mental on November 2, 2008 at 12:50pm

Mental

သူငယ်ချင်းလေးကို ........

ဘာလို့လဲ….. ဘာလို့ ဒီလို ဖြစ်ရတာလဲ……..

သူ့ Gmail ရဲ့ Password ကို သူ့ သူငယ်ချင်းမလေး သိနေတာ……

အဲဒီ့ မိန်းကလေး နဲ့ Online ပေါ်မှာ ဆုံတာ…….

ကြို သိထားပေမယ့် တကယ် ကြုံလာတာ တစ်မျိုးပဲဟာ……



“ တကယ် ချစ်မိသွားခဲ့တယ် “ ဆိုတဲ့ message နဲ့ သူ Online ပေါ် ရောက်လာချိန် ကိုယ့် ရင်ခုန်သံကို ကိုယ်ပြန်ကြားမိတဲ့ အထိ ဖြစ်သွားခဲ့တာကိုလဲ အံ့သြ မိပါရဲ့ ……. သူ့အပေါ်မှာ သူငယ်ချင်း သံယောဇဉ်ထက်များ ပို ခင်တွယ် မိနေပြီလား ဆိုတဲ့ အတွေးကို အထိတ်တလန့် တွေးမိတယ် …… ဟင့်အင်း …… အဲဒီလို ဖြစ်လို့ မရဘူးလေ… Continue

Posted by Mental on October 30, 2008 at 9:45pm — 2 Comments

Mental

ငှက်ပျောသီး...၊ ရေခဲရေ...၊ မျောက်....

> မောင်၊ ညီမလေးတို့ရေ....စမ်းသပ်ချက်တခုမှာ သိပ္ပံပညာရှင်များဟာ မျောက် ၅

> ကောင်ကို လှောင်အိမ်တခုထဲမှာအတူတူ စုထည့်ထားလိုက်တယ်။

>

> ပြီးတော့လှောင်အိမ်ရဲ့ အလယ်တည့်တည့်မှာ လှေကားတစင်းထောင်ထားပြီး

> လှေကားထိပ်မှာတော့ ငှက်ပျောတဖီးကို တင်ထားပေးသတဲ့ကွယ်။

>

> တကယ်လို့ မျောက်တကောင်ကောင်ကနေ ငှက်ပျောသီးစားချင်လို့ လှေကားပေါ်ကို

> တက်ဘို့ကြိုးစားအခါတိုင်းမှာ သိပ္ပံပညာရှင်တွေဟာ ကျန်တဲ့မျောက်တွေကို (မျောက်တွေ

> ကြောက်တဲ့) ရေခဲတမျှအေးစက်နေတဲ့… Continue

Posted by Mental on October 30, 2008 at 9:00pm

Mental

Let's Go To Beach

တစ်ခါတစ်လေ ပင်ပန်းတဲ့အခါ အနားယူဖို့ ဒီနေရာလေးကို သွားကြရအောင်......






BBQInvitation.pps

Posted by Mental on October 30, 2008 at 7:34pm

 
 
 

Cherry

ဒါက ကချင်ပြည်နယ်က ချယ်ရီပန်းလေးပါ...


ဒါကတော့ ဂျပန်က ချယ်ရီပန်းလေးပါ...

I shall pass through this life but once....
Any good, therefore, that I can do....
Or any kindness I can show to any fellow creature...,
Let me do it now,
Let me not defer or neglect it,
For I shall not pass this way again.
(Etienne de grellet)


သည်ဘ၀ကို တစ်ကြိမ်သာ ငါဖြတ်သန်းရပေမည်။
ဒါကြောင့် သတ္တ၀ါတွေအတွက်
ငါလုပ်နိုင်တဲ့ ကောင်းမှုမှန်သမျှ ၊ ငါပေးနိုင်တဲ့ ကြင်နာမှု မှန်သမျှ ယခု ငါလုပ်ပါရစေ ။
အချိန်မရွှေ့မိပါစေနဲ့ ။
မျက်ကွယ်မပြုမိပါစေနဲ့ ။
သည်လမ်းကို နောက်တစ်ဖန် ငါပြန်မလျှောက်လှမ်းနိုင်တော့ပြီ ဖြစ်သောကြောင့်ပင် ။

အကိုတော် တစ်ယောက်ကပြောတာတော့ အသဲပုံတဲ့..... မလေးကတော့ ဖန်ခွက်လို့ ပဲ မြင်တယ်.. ဘယ်လိုပဲ ဖြစ်ဖြစ် လှတယ်နော်...


ခရမ်းရောင်ဆိုတာ အလွမ်းရဲ့သင်္ကေတတဲ့.... ဒီနေ့ လွမ်းနေလို့ ခရမ်းရောင်လေးတွေ တင်ထားတာပါ....







© 2012   Created by Mental.   Powered by .

Badges  |  Report an Issue  |  Terms of Service